တင်ပါး ကြီးလိုသူများ အနေဖြင့် ထိုင်ထ လေ့ကျင့်ခန်း လုပ်နိုင်
30-Oct-2016
အမျိုးသား ဖြစ်ဖြစ် အမျိုးသမီး ဖြစ်ဖြစ် ထိုင်ထ လေ့ကျင့်ခန်းကို လုပ်ခြင်းဖြစ် တင်ပါး ကြွက်သားများကို ကြီးထွား သန်မာ စေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ တင်ပါး လှပလိုတယ်ဆိုရင် ထိုင်ထ လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။နေ့စဉ်မလုပ်နိုင်ရင်တောင် တစ်ပတ်မှာ ၄ ရက်လောက် လုပ်ပေးပါ။ လုပ်တဲ့ အခါတိုင်း ၁၀ ကြိမ် ထိုင်ထ ၅ ခါမှ မိမိ လုပ်နိုင်သလောက် အထိ လုပ်ပေးနိုင်ပါတယ်။ ၁၅ မိနစ်ကနေ နာရီဝက်ထိ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ထိုင်ထ လေ့ကျင့်ခန်းဟာ တင်ပါး အတွက် ဆိုပေမယ့်လည်း နေ့စဉ် လုပ်ခြင်းဖြင့် အကြောများကို ပြေလျော့စေနိုင်ပြီး ကျန်းမာရေး အတွက်ပါ ကောင်းမွန်စေပါတယ်။ထိုင်ထနဲ့ တွဲဖက်ပြီးတော့ အခြားသောလေ့ကျင့်ခန်းတွေကို လုပ်နိုင်ပါတယ်။ ထိုင်ထ လေ့ကျင့်ခန်း မိမိ အိမ်မှာပဲ လုပ်နိုင်သလို အချိန် နေရာလည်း အများကြီး မလိုအပ်လို့ လူတိုင်း လုပ်နိုင်မယ့် လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။
Healthcare.com.mm
Ref : Wiki How
ကျော်လင်းနိုင် (ရိုးရာလေး)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

